Our Spirit and Charism

The spirituality of our Congregation is centered on the Gospel values expressed in the person of Jesus who described himself as one sent to bring good news to the poor, to free the oppressed, and to proclaim the goodness of God. Jesus also describes himself as a “good shepherd,” who comes to bring life in abundance to all.

For close to 400 hundred years the members of the congregation and its partners, inspired by St John Eudes and St Mary Euphrasia Pelletier, have expressed our spiritual commitment through contemplative prayer and active ministries in a mission that seeks to improve the well-being of the most vulnerable. Responding to social conditions that cry out for mercy and reconciliation we express special concern for the needs of women and girls who remain among the most exposed to personal and social risks. We believe in a creative Spirit that is constantly renewing the universe, strengthening hope in the face of all that is destructive.

Through daily relationships in community and ministry, we ourselves learn and grow in a love characterized by tenderness and compassion. We nurture our spirits through developing a contemplative attitude capable of listening to God’s voice in our lives, and of discovering the human face of Jesus in each person, particularly in those who are most vulnerable.

We believe that God’s energizing spirit is at work in and through us as we participate in and contribute to the transformation of creation.

We collaborate with all people of goodwill to work to bring about change in whatever deprives persons and creation of dignity and worth.

ကျွန်ုပ်တို့၏ စိတ်ဓာတ်နှင့် ထူးခြားသော ကျေးဇူးတော်

ကျွန်ုပ်တို့အသင်း၏ ဝိညာဉ်ရေး ကျင့်စဉ်သည် ဆင်းရဲသားများအား သတင်းကောင်း ယူဆောင်ပေးရန်၊ ချုပ်နှောင်ခံရသူတို့ကို လွတ်မြောက်စေရန် နှင့် ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို ကြေငြာဟောပြောရန် စေလွှတ်ခြင်းခံရသော ယေဇူးဘုရား၌ ဖော်ပြလျှက်ရှိသော ဧဝံဂေလိ သတင်းကောင်း၏ စံတန်ဖိုးထားမှု၌ ဗဟိုပြုလျှက် ရှိပါသည်။ ယေဇူးဘုရား ကိုယ်တော်တိုင် မိမိကိုယ်ကို ပြည့်ဝစုံလင်သော အသက်တာကို ယူဆောင်လာသော ကောင်းသော သိုးထိန်းအဖြစ်ဖော်ပြခဲ့ပေသည်။

နှစ်ပေါင်း ၄၀၀ နီးပါး ကျွနု်ပ်တို့ အသင်းဝင်များနှင့် လုပ်ဖော်ကိုင်ဖက်များသည် St.John Eudes နှင့် St. Mary Euphrasia တို့၏ ဝိညာဉ်ရေး လမ်းညွှန်မှုအတိုင်း အကူအညီ လိုအပ်နေသူများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆုတောင်းမေတ္တာများ ပို့သပေးခြင်းဖြင့် လည်းကောင်း၊ လက်တွေ့ကျပြီး ထိရောက်သော တမန်တော်လုပ်ငန်းများဖြင့် လည်းကောင်း ကူညီပံ့ပိုးပေး လျှက်ရှိကြပါသည်။

သနားကြင်နာခြင်းနှင့် ပြန်လည် ကြေအေးသင့်မြတ်ခြင်း ကို လိုလားတောင့်တနေသော လူမှုအခြေအနေများကို တုန့်ပြန်ရာ၌ လူအသိုင်းအဝိုင်းတွင် အထူးသဖြင့် အခြေအနေမဲ့ဒုက္ခရောက် နေကြသော အမျိုးသမီးများ နှင့် ကလေးများအတွက် အလေးထား ဆောင်ရွက်လျှက်ရှိပါသည်။ စကြာဝဠာတစ်ခုလုံးကို အစဉ်အမြဲ ဆန်းသစ်ပြုပြင်နေသော၊ နှောက်ယှက် ဖျက်ဆီးခြင်းများ၌ မျှော်လင့်ခြင်းကို ရှင်သန်စေသော ဖန်တီးခြင်းများ၏ အရှင် ဝိညာဉ်တော်ဘုရားကို ကျွနု်ပ်တို့ ယုံကြည်ပါ၏။

မိမိတို့ သီလရှင်များ၏ အတူနေ ဘဝအသက်တာနှင့် တမန်တော်လုပ်ငန်းများ ပါဝင်လုပ်ဆောင်ရာ ၌ နေ့စဉ်ရရှိသော လူသားအခြင်းခြင်း ပေါင်းသင်းဆက်ဆံရေးမှ ရရှိသော အတွေ့အကြုံများသည် နူးညံ့သိမ်မွေ့ခြင်းနှင့် သနားကြင်နာခြင်းဂရုဏာ တည်းဟူသော ချစ်ခြင်းမေတ္တာ၌ ကျွနု်ပ်တို့ကို ကြီးထွားလာစေသည်။ ဘုရားသခင်၏ အသံတော်ကို နေ့စဉ် အတွေ့အကြုံများမှ ကြားနာပြီး လူသားတိုင်း၌ အထူးသဖြင့် ဒုက္ခရောက်နေသူများ၌ သခင်ခရစ်တော်ကို မြင်တွေ့လျှက် တရားဘာဝနာ စီးဖြန်းခြင်းဖြင့် ဝိညဉ်ရေးအသက်တာကို ခွန်အားဖြည့် ကြပါသည်။

ဖန်ဆင်းခြင်း၏ ပြောင်းလဲဖြစ်စဉ်၌ ကျွန်ုပ်တို့ ပါဝင်ခြင်းအားဖြင့် ဘုရားသခင်၏ စွမ်းအားနှင့် ပြည့်ဝသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့အတွင်း၌သာမက ကျွနု်ပ်တို့အားဖြင့်ပါဝင် လှုပ်ရှားလျှက် ရှိသည်ကို ယုံကြည်ပါသည်။

လူသားများ အပါအဝင် ဖန်ဆင်းခံအားလုံး၏ ဂုဏ်သိက္ခာနှင့်တန်ဖိုးကို ဖျက်ဆီးသော အရာဟူသမျှကို တားဆီး၍ ကောင်းမွန်သော ပြောင်းလဲခြင်းများ ဖော်ဆောင်ရန် အတွက် စိတ်သဘောထား တူညီသော သူများ နှင့် အတူလက်တွဲ လုပ်ဆောင်လျက်ရှိပါသည်။